စိတ်ရွက်လှေ

Monday, June 11, 2012

ညနေခင်းကဗျာ

ရန်ကုန်မြို့ကြီးက အထီးကျန်ဆန်နေပါလား
မင်းအနားမှာ မရှိတော့
.................
မိုင်တိုင်တွေ ကျော်ဖြတ်ရင်း
ရွက်လွင့်ခဲ့တယ်..စိတ်၏စေရာ
ငယ်အကျင့်တော့ မပျောက်သေးဘူး
မဖြစ်နိုင်ဘူးဆိုပေမယ့် ပုစ္ဆာတစ်ပုဒ်လို
တွက်ချက်ချင်တုန်းပဲ
...........။

Tuesday, October 25, 2011

ကဗျာတစ်ပုဒ်မှ..ကဗျာအပုဒ်ပေါင်းများစွာ

ကြိုက်သလိုဖတ်ဖို့၊ ကြိုက်သလိုရေးတယ်

ကဗျာတွေ၊ စာတွေ

ခံစားချက် တစ်စိတ်တစ်ဒေသ

အမှန်တရားတစ်ခု..

တစ်ယောက်ကို တစ်ယောက်

ငဲ့ညှာခဲ့တယ်

နှလုံးသားကို ဖုံးထားတယ်

ပေါင်းစပ်ကြည့်ရင် မြင်ရမယ်..

တစ်ဘ၀မှာ တစ်ညတာဆိုမယ့်

မနက်ဖြန်ပေါင်းများစွာ ရှိချင်တယ်

အပေါင်းအဖော်တွေပါ မကျန်

လာ..အတူတူရယ်မောခြင်းနဲ့

ညတွေကို အဆုံးသတ်မယ်

ကိန်းကြီးခမ်းကြီး မရှိဘူး

အပေါ်ယံတွေ မလိုဘူး..

တစ်ချိန်က ဒီကမ္ဘာမှာမနေချင်ဘူး

ပြောခဲ့ သူ..အခုတော့

"မင်းကိုချစ်တယ်".."မင်းရှိတဲ့ ကမ္ဘာကြီးကိုချစ်တယ်"

မနက်ခင်းတိုင်း..နိုးထလာခဲ့တယ်...။


Saturday, May 15, 2010

သစ်ပင်

ဘယ်လိုဝဋ်ကြွေးလဲကွယ်

ဒီလောက်ခြွေချပေးခဲ့တာတောင်

လှည်းကျင်းခံလိုက်ရတယ်။



လမ်းတွေတောင်မှ

ရာသီမတူလို့တဲ့

အရောင်တွေပြောင်းလို့။



ကြည့်စမ်းပါဦး

‘တိမ်’ တွေတောင်မှ

ထွက်ပြေးသွားလိုက်တာ။


နောက်ဆုံး
...........................
လေပြေတစ်ချက်အဝှေ့မှာ

ရင်တစ်ခုလုံးကြွေတယ်။ ။

Posted By ဝေလေး
သူငယ်ချင်းတစ်ယောက် ရေးပေးသောကဗျာ..
http://memories.isgreat.org

Friday, April 30, 2010

* နိုဘယ်ဆုရှင်မာသာထရီဆာ၏ မိဘမဲ့ဂေဟာတစ်ခုတွင်ချိတ်ဆွဲထားသော ကဗျာ *

ဘယ်လိုပဲဖြစ်စေ
လူတွေဟာမကြာခဏအကျိုးသင့်အကြောင်းသင့်
မဟုတ်တာတွေလုပ်တတ်သလို
ယုတ္တိမတန် အတ္တဆန်တဲ့လုပ်ရပ်တွေကိုလည်းလုပ်တတ်ကြတယ်
ဘယ်လိုပဲဖြစ်စေ……….သူတို့ကိုခွင့်လွှတ်လိုက်ပါ။

သင်ကသနားကြင်နာတတ်ရင်
လူတွေကသင်ဟာတစ်ကိုယ်ကောင်းစိတ်ရှိသူ
ဟန်ပြကြင်နာပြနေသူလို့စွပ်စွဲလာကြာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….သနားကြင်နာမြဲသနားကြင်နာပါ။

သင့်ဘ၀မှာအောင်မြင်နေပြီဆိုရင်
မိတ်ဆွေတုတွေရလာနိုင်သလိုရန်သူစစ်စစ်တွေလည်းရလာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….အောင်မြင်အောင်ဆက်ကြိုးစားပါ။

လူတွေကသင့်ကိုလိမ်လည်လှည့်ဖျားကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ရိုးသားဖြောင့်မတ်ပါ။

သင်နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ဘ၀တစ်ခုကို
တစ်ဦးတစ်ယောက်ကနေ့ချင်းညချင်းဖျက်ဆီးပစ်လိုက်နိုင်ပါလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….တည်ဆောက်မြဲတည်ဆောက်ပါ။

သင်ကငြိမ်းအေးမှုနှင့်စိတ်ချမ်းသာမှုကိုရှာဖွေတွေ့ရှိပြီဆိုရင်
သူတို့ကမနာလိုဝန်တိုမှုတွေဖြစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….စိတ်အေးချမ်းအောင်နေပါ။

သင်ဒီနေ့ကောင်းမှုပြုလုပ်တာကို
လူတွေကမနက်ဖြန်မေ့ပစ်ချင်မေ့ပစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ကောင်းတာကိုပဲဆက်လုပ်ပါ။

လောကကြီးကိုသင်အပေးနိုင်ဆုံးအကောင်းဆုံးတွေပေးဝေလိုက်ပါ
ဘယ်တော့မှလုံလောက်မှာမဟုတ်ဘူး
ဘယ်လိုပဲဖြစ်စေ……….လောကကြီးကိုအကောင်းဆုံးပေးဆပ်မြဲပေးဆပ်ပါ။

နောက်ဆုံးခွဲခြမ်းစိတ်ဖြာလိုက်တော့သင်မြင်တဲ့အတိုင်းပါဘဲ
သင်နဲ့တရားသာအတူရှိတော့တာပါ
ငါ ၊မင်း ၊သူတစ်ပါးအကြားမှာဘာမှမရှိပါဘူး။ ။

ခွင့်လွှတ်ချင်းများနဲ့ဘ၀ကိုတည်ဆောက်နိုင်ကြပါစေ! :]

Friday, July 17, 2009

ဒီဇာတ်ကားကို ကျွန်တော်ကိုယ်တိုင် ရိုက်ကူးတင်ဆက်သည်..

မင်းလျှောက်ဖတ်ထားတာတွေ
မင်းလျှောက်ရေးပြထားတာ ကဗျာမဟုတ်ဘူးကွ။
(ငယ်သူငယ်ချင်းတစ်ဦး)

အို အတုလ
ကဲ့ရဲ့ခြင်းသည် ရှေးအစဉ်အလာတည်း
ဆိတ်ဆိတ်နေသူလည်း ကဲ့ရဲ့ခံရ၏
များစွာပြောဟောသူလည်း ကဲ့ရဲ့ခံရ၏
နှိုင်းချိန်၍သာ ပြောသူလည်း ကဲ့ရဲ့ခံရ၏
လောက၌ ကဲ့ရဲ့ လွတ်သူမည်သည် မရှိ
(ဗုဒ္ဓ)

အနုပညာဆိုတာ ကိုယ်နားလည်ဖို့သက်သက်ချည်းတော့
မဟုတ်ဘူး
(ရိုဒင်)

သူတစ်ပါးကျောကို သူတစ်ပါးက ချတာ
ကြားကဝင်နာတတ်တဲ့သူဟာ စာရေးဆရာ ကဗျာဆရာပဲ
(တက်တိုး)

ကျွန်မရှင့်ကို ယူရမယ်ဆိုရင် ရှင့်ကော်ဖီထဲကို အဆိပ်ခပ်
မယ်
ငါမင်းကို ယူရမယ်ဆိုရင် ဒီကော်ဖီကိုငါသောက်မယ်
(ဝင်စတန်ချာချီ)

ကျွန်တော် နေခဲ့တယ်
ကျွန်တော် ချစ်ခဲ့တယ်
ကျွန်တော်…
ဘာမှ နောင်တရ ပူဆွေးစရာမရှိ
လူ့ဘဝမှာ အကောင်းဆုံးကတော့ ရယ်မောနေဖို့ပဲ
(ယန်းပေါဆတ်)

posted by ..စိုးမြင့်သိန်း