စိတ်ရွက်လှေ

Saturday, September 06, 2008

အကြည့်

အသံမဲ့ မျက်ဝန်းစကား
ရင်တွင်း၌ပါ ကြားရ၏၊၊ ၊၊

Thursday, August 28, 2008

ဘဝမှာအများကြီးလဲ မတောင်းဆိုချင်ပါဘူး...

အချစ်ကြောင့်ဖြစ်သော ပျော်ရွှင်မှုတွေနဲ့အတူ
ယုံကြည်သလို ကိုးကွယ်မိတာအမှားလား
ဘဝမှာများများစားစားလဲ မတောင့်တခဲ့ပါဘူး
လိုအင်ဆန္ဒလဲ မဟုတ်သလို
အချစ်က လိုအပ်ချက်တစ်ခုပါ။
အချစ်ရဲ့သောကတွေကိုမခံစားချင်ပေမယ့်
အချစ်နဲ့ဖြစ်တည် အပြုံးတွေကိုတပ်မက်လို့
ဆုတ်ကိုင်ထားတယ်..
ဒီကနေ့ထိ။
ဘဝဟာ အိပ်မက်မဟုတ်သလို
အိပ်မက်တိုင်းကို အမြဲမနှစ်ခြိုက်ပါဘူး
ငါဆိုပြီပြောဆို သုံးနှိုင်းနေတဲ့
လူတစ်ယောက်က ဘာကောင်မှမဟုတ်သလို့
နောက်ဆုံးအဆုံးမဲ့နိဒါန်းကြရင်လဲ ဘာဆိုတာသိမှာမဟုတ်ဘူး
ဒီကြားထဲ လူဖြစ်လာချိန်ခဏ
အချစ်ရဲ့အရသာ
တစ်ဖုံနှစ်ဖုံလောက် ရှုရှိုက်ချင်တယ်။
လေနှင်ရာမဟုတ်ရင်တောင်
လေသင့်ရာမှနေချင်တယ်
မနားတမ်းပျံသန်းရင် ရှာဖွေနေခဲ့တယ်
လေပြေရယ်လာပါတော့...။

လုပ်စရာတာလုပ်နေပြီး၊နေချင်သလို့နေခွင့်ရတာတဲ့အခါလဲ ကောင်းပါတယ်
တခါတလေပဲဖြစ်ဖြစ်...။ ။

Friday, July 25, 2008

သိုးကလေးအတွက်

နားမလည်သူတွေ မမြင်နိုင်ပါဘူး
သခင့်ထံ ခစားနေကြ
ဘ၀ဆိုတာကလဲ အမြဲမချောမွေ့ဘူး
အဆင်ပြေလိုက်၊မပြေလိုက်နေ့ရက်တွေ
ဖြတ်သန်းရမယ်၊ရင်ဆိုင်ရမယ်
စိတ်ခံစားမှု ပျော်ရွှင်ရရင်
ပျော်သလိုသာနေ
နောက်ကနေ လိုက်နေပါမယ်
သိုးကျောင်းသမား အဖြစ်နဲ့ပေါ့
ကြိုက်နှစ်သက်ရာ စားကျက်သွား
အချိန်တန်ရင် ရောက်လာတယ်
သိုးကျောင်းသားဟာ တစ်သမတ်တည်း။ ။

ဘာအကြောင်းကြောင်းနဲ့မှ စိတ်ပျက်စရာမလို

အဆိုးနဲ့အကောင်း ဒွန်တွဲနေတာ
သဘာဝ..
အကောင်းကိုလက်ခံရင်
အဆိုးကိုတွေးယူနိုင်ရမယ်
မသေချာပင်မယ့် သေချာတာကိုကြည့်
"မျက်လုံးမှိတ်ထားပြီး..ငါမမြင်ရဘူးမပြောနဲ့"
ဒီပို့စ်သည် ကဗျာလိုလည်းမဆိုလို့ပါ။ ။

လိုအပ်ဆန္ဒတွေမရရှိ၊မတွေ့ရသေးတဲ့ အချိန်တွေမှာ

မြင်လိုက်တဲ့ အတွေးက
လျှပ်ကနဲပဲ
မှတ်သားချိန်တောင်မရဘူး
ဒါပေမယ့်..ငါကျေနပ်တယ်။
ရောက်လာတဲ့နေ့က..စ
အဆုံးဘယ်တော့မှန်းမသိ
စိတ်မပျက်ဘူး ငါဆက်လျှောက်မယ်
ဒီဘ၀ကို ငါကျေနပ်တယ်။
တစ်ခုတော့ရှိတယ်...
လိုအပ်တာမရခဲ့တာများတော့
ရောင့်ရဲစိတ်တွေရှင်သန်နေရတယ်

ခေါင်းစဉ်ရှိပြီ မတပ်ဖြစ်သော်(သို့)ခေါင်းစဉ်မရှိဘူး နံပါတ်စဉ်(သုံး)

တခါတလေတော့ စိတ်ကူးတည့်ရာပေါ့
စိတ်ကူးကလဲ တည့်နိုင်လွန်းတယ်
စိတ်သွားတိုင်းကိုယ်မပါတော့ အိမ်မှာထားခဲ့လိုက်တယ်
လူ့လောကထဲ အဖော်မပါတော့
တစ်ယောက်ထဲပဲပေါ့
ပျင်းစရာတော့ကောင်းသား
နှစ်အိမ်ရှိရင်တောင် ပိုကာဒေါင်းနေလို့ရသေး
ဂျိုကာစောင့်ရုံပဲ
ဒီတော့လဲ..
"ပျော်စရာကြုံရင် ငါရီလိုက်မယ်
ငိုစရာကြုံရင် ငါငိုလိုက်မယ်
သေချာရေရာတာတွေ မရှိ
မစဉ်းစားနဲ့သီချင်းများနဲ့ကကြ"
အယ်ဖြူသီချင်းနဲ့ လွှင့်ချင်တိုင်းလွှင့်
အလိုက်သင့်လေးမျောပါချင်တယ်
ချစ်တာတစ်ခုထဲနဲ့ နေရာတကာအသုံးမကျတဲ့ကောင်
ထင်နေကြလား မသိ
အချစ်ရဲ့ဆောင်ပုဒ်က
"ချစ်မိရင် တာဝန်မယူတဲ့"
ဘယ်လိုလုပ်မလဲ..
လမ်းဆုံးမှမသိတာ ဆက်လျှောက်ပေါ့
သိလဲဆက်သွားနေမယ့်ကောင်ပဲ
တော်ရုံလူတွေလောက်တော့သနားတယ်
အချစ်နဲ့ဘ၀ကိုတထပ်ထဲထားတယ်
အတိမ်အစောင်းတောင်မခံချင်ဘူး
ဘ၀အမောတွေကြားလိုအပ်ရင် အားအင်ဖြည့်တင်း
ရည်မှန်းချက်နဲ့ဆက်လျှောက်
ထို့အတူ..သစ္စာတရားက ကမ္ဘာတည်လိုရတယ်
ကြီးကျယ်မှုတွေလဲ ငါမလိုဘူး
ဖြစ်ချင်တာက တစ်ခုထဲရယ်..
ချိုးနှိမ့်ထားတာ သန့်ရှင်းသောမော်ကြွားခြင်းနဲ့အတူ
ယုံကြည်ချက်နဲ့ရှေ့ဆက်
ယုံကြည်ရာ ကိုးကွယ်နေကြတဲ့
ဒီခေတ်ကြီးထဲမှာ ယုံကြည်ချက်တွေက
ခိုင်လုံတဲ့အချက်မရှိဘဲ ပြောင်းလဲပေးရမှလား
ဂရုမစိုက်လဲရသော သူတွေအတွက်ရော
ဘယ်လောက်ထိ စိတ်ဆန္ဒတွေကို
ထိန်းချုပ်ထားရမှလဲ..
မရူးတဲ့လူကို အရူးလုပ်ချင်တော့
ရူးချင်ယောင်ဆောင်ပေးရတယ်
ဇာတ်ရှိန်မြင့်အောင် ပါဝင်ရသောဗီလိန်အတွက်
ဇာတ်ညွှန်းမကောင်းရင် အမြဲမျက်နှာသာမရဘူး
အမြင်တွေလဲ မရှင်းလင်းချင်တော့
နှလုံးသားကို ဇူလိုင်မိုးနဲ့အတူရွာသွန်း
လွှင့်ချင်တာနေရာလွှင့်၊ရောက်ချင်တဲ့နေရာရောက်...။ ။

Tuesday, July 15, 2008

ငြိမ်းချမ်းရေး...

ငြိမ်းချမ်းရေးရဲ့ လုပ်ဆောင်ချက်က
"ချစ်ခြင်းမေတ္တာ" ပါ..
လူသားတိုင်းမှာ ရှိနေသင့်တဲ့အရာပေါ့
သန့်ရှင်းသော ပြိုင်ဆိုင်မှု၊မာန်မာန တွေကလွဲရင်
အေးချမ်းမှုအတိ ကျွန်ုပ်တို့ ကမ္ဘာမြေ ။ ။

Monday, June 30, 2008

စိတ်အားဖြည့် ရက်သတ္တပတ်မှ

သင့်ရဲ့ပင်ကိုအရည်အချင်း၊
စရိုက်လက္ခဏာ၊ အပြုံးနဲ့ စတိုင်(လ်)မျိုး
လုံးဝ တူညီတဲ့သူ မရှိပါဘူး
နောင်ကိုလည်း ရှိမှာမဟုတ်ပါဘူး
တူညီနိုင်မယ် ဆန့်ကျင်ဖက်ကလဲ
တစ်ယောက်ထဲပဲ ရှိနေမှာပါ။
ဒီကမ္ဘာကို သင် သယ်ဆောင်လာတဲ့
သဘာဝစွမ်းရည်မျိုးကို
ဘယ်သူမှ ယူဆောင်မလာနိုင်ပါဘူး။
ဘာကြောင့်လဲဆိုတော့
အဲဒီအရည်အသွေးတွေက
သူ မတူအောင် ထူးခြားတဲ့နေရာက
အစပျိုးလာခဲ့လို့ ဖြစ်ပါတယ်။
အဲဒါ သင့်နှလုံးသားပါပဲ။
တကယ်တော့ မျက်စိနဲ့ မြင်နိုင်တဲ့
အရည်အသွေးထက်
ပိုများတာတွေ ရှိပါသေးတယ်
လောကကြီးကို ရင်ဆိုင်လိုက်ပါ။
သင်ဟာ ထူးခြားပြီး တန်ဖိုးရှိသူပါပဲ။ ။

Monday, June 23, 2008

ပေါင်းစပ်ခြင်းသင်္ကေတ

မျက်ဝန်းတွေထဲက အိပ်မက်တစ်ခုကိုမမြင်နိုင်ပေမဲ့
အပြုံးတွေရဲ့နောက်ကွယ်မှာ လွမ်းဆွေးမှုတွေ ငါမြင်နိုင်တယ်
အလွမ်းတွေကလဲ ပြီးပြည့်စုံသောအပြုံးအတွက်ပဲလေ
ငါ့မှတ်မိတဲ့အရာတွေအားလုံး
လွတ်မြောက်ခြင်းရဲ့ အခြားတဖက်မှာ

မင်းရဲ့စိတ်ထဲ ဘာတွေရှိလဲ
မင်းရဲ့ပေးသိဖို့ အကောင်းဆုံးလူအဖြစ် ငါကိုဖြစ်ခွင့်ပေးစမ်းပါ
ဒီလူကလဲ မင်းရဲ့အနားအမြဲရှိနေမှာပါ
မင်းစိတ်တွေမွန်းကြပ် ခံစားရနေချိန်မှာ...

ဘ၀အမောတွေကြား မောပန်းနေရင်
ငါ့လက်ပေါ်မှာ အိပ်စက်အနားယူလှည့်ပါ
အလွန်မြင့်မြတ် နေရာတစ်ခုပေါ့
မင်းဘာလိုအပ်လဲ...
စိတ်တွေနွမ်းလျ ခံစားရနေချိန်မှာ...

မင်းရဲ့ဆန္ဒတွေ အရမ်းပြင်းပြနေရင်
အဆင့်သင့်ဖြစ်နေသူအဖြစ် ငါကိုဖြစ်ခွင့်ပေးစမ်းပါ
မင်းအဝေးကို လျှောက်လှမ်းမသွားနိုင်တဲ့အခါ
မင်းကိုထမ်းပိုး သယ်ဆောင်သူအဖြစ်နဲ့ပေါ့

အားလုံးပြီးသွားရင်...
ငါတို့မျှော်လင့်မှုတွေက
နေတစ်စင်းလိုထွက်ပေါ်လာလိမ့်မယ်
အောင်မြင်မှုတွေက
အိမ်ပြန်ရောက်အောင် ပို့ပေးလိမ့်မယ်
လုံးဝစိတ်မလျော့နဲ့...လုံးဝစိတ်ဓာတ်မကျနဲ့...။

Sunday, June 15, 2008

ကဗျာဆရာမလေး ရင်ထဲက အိမ်ကလေး အတူတူတည်ဆောက်ကြမယ်

ကဗျာဆရာမလေးရင်ထဲက အိမ်ကလေးပေါ့
ထည်ဝါမှုတွေရှိချင်မှာရှိမယ်
အေးချမ်းမှုက အပြည့်ပဲ...
ဇိမ်ခံပစ္စည်းတွေ ပါချင်မှပါမယ်
မိသားစုပျော်ရွှင်မှုပေးနိုင်တာ အပြည့်ပဲ...
"ကဗျာတွေ ရှိမယ်"
"သီချင်းတွေရှိမယ်"
တောင်ပေါ်မြို့ရဲ့
ဆင်းခြေဖုံးတစ်နေရာမှာရှိမယ်
အကြင်နာလက်နဲ့ ဆောက်မယ် အိမ်
ရိုးသားမှုနဲ့ ပီတီဖြစ်စရာ အိမ်
နူးညံ့တဲ့အနာဂတ်သစ်ဆီ ကြိုမယ် အိမ်
အန္တရာယ်တွေအတွက် ရဲရင့်မှုတွေရှိတယ်
အခက်အခဲတိုင်းအတွက်ရင်ဆိုင်မယ် သတ္တိတွေရှိတယ်
ငြိမ်းချမ်းမှုနဲ့ တည်ဆောက်ထားတယ်
ကဗျာဆရာမလေးရဲ့
ရင်ထဲက အိမ်ကလေးသို့...။ ။

Friday, May 23, 2008

ချစ်သူတစ်ယောက်သာသိ...ချစ်တတ်သူများသာဖတ်ရှုပါ

အဖြေတစ်ခုရှိတယ်
ဒါကိုဖုံးထားလိုက်
အဲဒီရှေ့မှာ
တို့နှစ်ယောက်ကမယ်
မနက်ဖြန်မရှိစေရဘူး
ရူးတယ်လိုပဲဆိုဆို
အရူးတွေထဲမှာမှ
အချစ်ရူးတော့ဖြစ်ချင်တယ်
ကိုတို့နှစ်ယောက်ကို တခြားသူတွေ
မနာလိုဖြစ်အောင်..ချစ်ကြမယ်
မင်းတို့နှစ်ယောက်က
"လိုက်လည်းလိုက်တယ်"
ဒီစကားများကြားရရင်
အလိုလိုနေရင်း
ကိုခြေထောက်တွေ
မြေကြီးနဲ့လွတ်ချင်နေပြီ
ကြည့်မရလဲ မတတ်နိုင်ဘူး
ဒါက ဖြစ်ရပ်မှန်
ဖြစ်ရပ်မှန် မဂ္ဂဇင်းထဲတော့
ပါမလာဘူး
ပျော်ရွှင်စွာနေတယ်
ဘေးအပြောတွေ ဂရုမစိုက်ဘူး
သွေးချင်းနီးနေမယ်
လျှာမှာအရိုးမရှိဘူးဆိုတာ သိတယ်
ကိုယ်စကားမှာတော့ ရိုးသားမှုတွေ ရှိတယ်
မင်းသိထားရင်ပိုကောင်းတယ်
မင်းယုံကြည်ထားရင်..တနေ့နေ့တွေ့ဆုံကြရင်
ကိုယ်တို့အတွက် မနက်ဖြန်ဆိုတာမရှိစေရဘူး။ ။

Monday, April 07, 2008

စိုးစိတ်

နူးညံ့စွာ ထိန်းခူပ်မှုနှင့်
အရိုးခံ ပျော်ရွှင်ရပါသည်
သူမနဲ့ဆုံတွေ့ရတိုင်း။ ။

Wednesday, January 02, 2008

ခေါင်းစဉ်မရှိဘူး(၂)

တိုက်ဆိုင်တယ် ဆိုပြီ
စကားတွေဖောင်ဖွဲ့
လာရောမယ် မကြံနဲ့
ပြသာနာက သူဘာသာနေတာ
ခေါ်ထားရင်လာမှာပဲ
မခေါ်ဘဲ လာတော့
တံခါးဖွင့်ပေးရ
"အိမ်ထဲဝင်ပါ...."
"အဆင်ပြေသလိုနေပါ...."
ပြီးရင်...
အဆင်ပြေသလို ပြန်ထွက်သွားပါ
ဒီမှာ!
အိပ်မက်ပျောက်နေသူ
ကြံဆောင်နေတာ
မနက်ဖြန်အတွက်...မဟုတ်ဘူး
နောင်အခါအတွက်...မဟုတ်ဘူး
လူတိုင်းပြောတဲ့ အမှန်တရားက
လူတိုင်းအတွက် မဟုတ်ခဲ့ပါဘူး
အမှန်တရားတွေ ပိုင်ဆိုင်ထားလဲ
နေရာတကာ အသုံးမ၀င်ဘူး
ပြောင်းလဲမှုတရား မရှိသူ့လူတစ်ယောက်
နှစ်တစ်နှစ် ကုန်ရင်ကျန်နေရစ်ခဲ့
အပြောင်းအလဲ သီအိုရီ
သူ(သီအိုရီ) ပါ ပြောင်းလဲမှပေါ့
ဒီကနေ့အထိ
အယောင်ယောင်အမှားမှား
အိပ်ရာက နိုးထ။ ။