စိတ်ရွက်လှေ

Friday, July 17, 2009

ဒီဇာတ်ကားကို ကျွန်တော်ကိုယ်တိုင် ရိုက်ကူးတင်ဆက်သည်..

မင်းလျှောက်ဖတ်ထားတာတွေ
မင်းလျှောက်ရေးပြထားတာ ကဗျာမဟုတ်ဘူးကွ။
(ငယ်သူငယ်ချင်းတစ်ဦး)

အို အတုလ
ကဲ့ရဲ့ခြင်းသည် ရှေးအစဉ်အလာတည်း
ဆိတ်ဆိတ်နေသူလည်း ကဲ့ရဲ့ခံရ၏
များစွာပြောဟောသူလည်း ကဲ့ရဲ့ခံရ၏
နှိုင်းချိန်၍သာ ပြောသူလည်း ကဲ့ရဲ့ခံရ၏
လောက၌ ကဲ့ရဲ့ လွတ်သူမည်သည် မရှိ
(ဗုဒ္ဓ)

အနုပညာဆိုတာ ကိုယ်နားလည်ဖို့သက်သက်ချည်းတော့
မဟုတ်ဘူး
(ရိုဒင်)

သူတစ်ပါးကျောကို သူတစ်ပါးက ချတာ
ကြားကဝင်နာတတ်တဲ့သူဟာ စာရေးဆရာ ကဗျာဆရာပဲ
(တက်တိုး)

ကျွန်မရှင့်ကို ယူရမယ်ဆိုရင် ရှင့်ကော်ဖီထဲကို အဆိပ်ခပ်
မယ်
ငါမင်းကို ယူရမယ်ဆိုရင် ဒီကော်ဖီကိုငါသောက်မယ်
(ဝင်စတန်ချာချီ)

ကျွန်တော် နေခဲ့တယ်
ကျွန်တော် ချစ်ခဲ့တယ်
ကျွန်တော်…
ဘာမှ နောင်တရ ပူဆွေးစရာမရှိ
လူ့ဘဝမှာ အကောင်းဆုံးကတော့ ရယ်မောနေဖို့ပဲ
(ယန်းပေါဆတ်)

posted by ..စိုးမြင့်သိန်း

Saturday, April 04, 2009

ဟောင်းနေတဲ့ အရူးတစ်ယောက်အကြောင်း

လူထဲကလူပဲ
ဒါပေမယ့်
လူတိုင်းနဲ့မတူ
တမူထူးတာလား
ရူးကြောင်ကြောင်နိုင်တာလား
ခွဲခြားမသိနိုင်ဘူး
တလွဲတွေနဲ့ ငါပေါ့
ဆုတ်ကိုင်ထားတဲ့ အရာတွေက
ဖြန့်ကြည့်လိုက်တာနဲ့
ပျောက်ကွယ်သွားတယ်
ဘာကိုမက်မောနေရဦးမှလဲ
လမ်းတွေ့ရင် အပြုံးနဲ့နှုတ်ဆက်ပါ
ရှောင်လွှဲလို့ မရတာတွေ
မျက်နှာချင်း ဆိုင်လိုက်ချင်တယ်
ဒီလိုတွေဆို အထင်မကြီးနဲ့ဦး
နေထိုင်ပုံယဉ်ကျေး အလွဲတွေနဲ့
တတ်လားဆို ဘာတစ်ခုမှ
ဖြစ်မြောက်အောင် မတတ်
ရည်မှန်းချက်..
ပြတ်နေတဲ့ အရူးလား
ဟောင်းနေတဲ့ အရူးလား။ ။

Monday, March 02, 2009

လွမ်းလို့နေတဲ့ ည

"ချစ်စရာလေးပါ..ဒီနေ့လဲမင်းကိုတွေ့မှ"
ထိခိုက်နစ်နာစေမယ်
မုသားတွေမပါပါဘူး
မင်းကိုစချစ်တည်းက
အရှုံးပေးပြီးသားပါ။

ထူးဆန်းတာလား..
ရူးနှမ်းတာလား..
မင်းကိုချစ်နေရုံလေးနဲ့
နေပျော်တတ်ခဲ့ ငါ။

စွန့်လွှင့်တာရော
အချစ်လို့မည်သလား
ငါအတွက် ဒီမေးခွန်းကို
မသက်ဆိုင်သူလို့ သဘောထားပေးပါ
အမှန်အတိုင်းပြောရရင် ငါမသိဘူး။

အချစ်ကို အခုအချိန်အထိ
စိတ်ကူးယဉ်လို့ ကောင်းတုန်း
ဒီနေရာမှာ နားလည်မှုယူရလိမ့်မယ်
အချစ်နဲ့ပက်သက်လာရင် လူညံ့တစ်ယောက်ပါ
ကလေးတစ်ယောက်လို့ နုံချာနေခဲ့တာ။

မင်းမခင်တွယ်ချင်ရင်လဲ
ထားခဲ့လိုက်ပါတော့
လမ်းခရီးအစမှတောင်
ခံနိုင်ရည်အား အလံဖြူပြနေပြီ
ထိန်းချုပ်ရမဲ့ ငြိတွယ်နေချင်သည်။

မင်းကို မြင်တွေ့ခွင့်
တစ်ခုတည်း ရှိနေခြင်းကိုလဲ
တစ်ခါတစ်လေ ဝမ်းနည်းမိတယ်
မရေရာတွေနဲ့ မသေချာတာတွေ
အဖြေရှာရင် အဖြေပျောက်မှကိုလေ။

ဒီအတွက်...
ငါကို နားလည်ပေးပါ။ ။

Wednesday, February 18, 2009

သူငယ်ချင်း

သွားစရာ လမ်းတစ်ခုနဲ့
လှမ်းစရာ ခြေလှမ်းတစ်ခုပဲ
ပြီးပြည့်စုံခြင်းသိတာမှာ
လိုအပ်ချက်တွေနဲ့ပါ။
လူစုံပြီဆိုတာနဲ့ ခေါင်းစဉ်ကရှာမရတော့ဘူး
တစ်ခုခုကို အစဆွဲထုတ်ပြီးတိုင်ပတ်နေတော့တာပဲ
တစ်ယောက်ကိုတစ်ယောက် ခိုးစားဖို့
တစ်ယောက်ကိုတစ်ယောက် ပိုးစားဖို့
တစ်ယောက်ကိုတစ်ယောက် တတ်နိုင်သလောက်ရိုးသားဖို့
ပန်းပွင့်တွေ မဟုတ်ပေမယ့်
ပွင့်လန်းနိုင်ကြဖို့။
ပုလင်းတွေ၊ခွက်တွေနဲ့ အပြင်းပြေရက်တွေလည်းရှိရဲ့
မီးခိုးငွေ့တွေကြားက အမှားတွေလည်းရှိရဲ့
တစ်ယောက်ယောက်နဲ့ ရန်ဖြစ်လိုက်ရတာကိုပဲ
အမှတ်တရ တစ်ခုရလိုက်သလိုပဲ
ကြောင်ကြီးကတော့ ပြောတယ်
နောင်တစ်ချိန်မှာ
ငါ့နဖူးက အမှတ်တရတွေကိုစမ်းလို့
ငါလွမ်းမိမှာပဲလို့။
အခုတော့သစွားတရားဟာ အမှတ်တရအဖြစ်နဲ့
ကြည့်ရင်လဲ မြင်ရမယ်
စမ်းသပ်လို့လဲရတယ်
မိုးရေထဲ အမှတ်တရကိုဆောင်းလို့
အိမ်အရောက်
တံခါးက အပေါက်ပိတ်ထားတယ်..။ ။
ဥက္ကာ
13.8.2008