"ချစ်စရာလေးပါ..ဒီနေ့လဲမင်းကိုတွေ့မှ"
ထိခိုက်နစ်နာစေမယ်
မုသားတွေမပါပါဘူး
မင်းကိုစချစ်တည်းက
အရှုံးပေးပြီးသားပါ။
ထူးဆန်းတာလား..
ရူးနှမ်းတာလား..
မင်းကိုချစ်နေရုံလေးနဲ့
နေပျော်တတ်ခဲ့ ငါ။
စွန့်လွှင့်တာရော
အချစ်လို့မည်သလား
ငါအတွက် ဒီမေးခွန်းကို
မသက်ဆိုင်သူလို့ သဘောထားပေးပါ
အမှန်အတိုင်းပြောရရင် ငါမသိဘူး။
အချစ်ကို အခုအချိန်အထိ
စိတ်ကူးယဉ်လို့ ကောင်းတုန်း
ဒီနေရာမှာ နားလည်မှုယူရလိမ့်မယ်
အချစ်နဲ့ပက်သက်လာရင် လူညံ့တစ်ယောက်ပါ
ကလေးတစ်ယောက်လို့ နုံချာနေခဲ့တာ။
မင်းမခင်တွယ်ချင်ရင်လဲ
ထားခဲ့လိုက်ပါတော့
လမ်းခရီးအစမှတောင်
ခံနိုင်ရည်အား အလံဖြူပြနေပြီ
ထိန်းချုပ်ရမဲ့ ငြိတွယ်နေချင်သည်။
မင်းကို မြင်တွေ့ခွင့်
တစ်ခုတည်း ရှိနေခြင်းကိုလဲ
တစ်ခါတစ်လေ ဝမ်းနည်းမိတယ်
မရေရာတွေနဲ့ မသေချာတာတွေ
အဖြေရှာရင် အဖြေပျောက်မှကိုလေ။
ဒီအတွက်...
ငါကို နားလည်ပေးပါ။ ။
ညနေခင်းကဗျာ
13 years ago
2 comments:
ကြိုက်တယ်ရှင့် ကဗျာဆို အရေးသားကောင်းလိုက်တာ ဂျုလိုင်ရေးထားတာလဲရှိတယ်သွားဖတ်ပေးနော် .. အမြဲလာအားပေးနေပါတယ်
ဟုတ်ကဲ့ပါ..ကျေးဇူးတင်ပါတယ်...ကျနော်လည်းလာပြီး ဖတ်ပါမယ်...=]
Post a Comment